ဘိုင်ယန်အသင်းမှ ဟယ်ရီကိန်းနဲ့အိုလီဆေးတို့ ဒဏ်ရာပြဿာနာဖြင့် ရင်ဆိုင်နေရ
23 Nov
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲပွဲစဉ် (၁၀)အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ကိုလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ကြတဲ့ပွဲစဉ်မှာ ဘိုင်ယန်အသင်းမှ ဟယ်ရီကိန်းနဲ့ အိုလီဆေးတို့ ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီအတွက် နောင်လာမည့်ပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာ များကြောင့် တိုက်စစ်ပိုင်းရွေးချယ်စရာ ပိုမိုနည်းပါးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် ၁၂ မိနစ်တွင် ကိုလုံးအသင်းအတွက် တိုက်စစ်မှူးမိုက်ကီမိုးက ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး ပွဲကစားချိန် ၃၇ မိနစ်တွင် ဘိုင်ယန်အသင်း တောင်ပံတိုက်စစ်ကစားသမား နာသန်နီရယ် ဘရောင်း က အဝေးကန်ချက်ဖြင့် ချေပဂိုးသွင်းယူပေးခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးဆုံးချိန်အထိ ဘိုင်ယန်အသင်း တရစပ်တိုက်စစ်မြှင့်ကစားခဲ့သော် လည်း ကိုလုံးအသင်း၏ကျစ်လျစ်ခိုင်မာသည့် ခံစစ်ကစားပုံကြောင့် ပွဲပြီးဆုံးချိန်တွင် တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ (NVS 008)