မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်နှင့်ဈေးရောင်းပွဲတော်ကြီး ကျင်းပ
23 Nov
၂၀၂၆ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်နှင့် ဈေးရောင်းပွဲတော်ကြီးကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲတော်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ရွှေကျောင်းတော်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံကြီးများ၊ ညမီးကြီး မီးပုံးပျံကြီးများနှင့်အလှမီးပုံးပျံငယ်များ ပါဝင်မည်ဖြစ်သည့်အပြင် ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ခြင်းကိုလည်း ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်တွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်တဲ့ တေးဂီတဖျော်ဖြေပွဲကို အခမဲ့ဖျော်ဖြေသွားမှာဖြစ်သည့် အပြင် သူရဝင်းထွဋ်ဇာတ်သဘင်အဖွဲ့နှင့်အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့တို့ကိုလည်း အခမဲ့ဖျော်ဖြေသွားမှာ ဖြစ်ပါ တယ်။ ဈေးရောင်းပွဲတော်တွင်လည်း မြန်မာနိုင်ငံအနှံ့မှ ဒေသထွက်ကုန်များ၊ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ၊ MSME ထုတ်ကုန်များကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပွဲတော်သို့ လာရောက်ကြမည့် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြို့နယ်အလိုက် အခမဲ့ Bus ကားများနှင့် EV Bus များ စီစဉ်ထားသည့်အပြင် နေပြည်တော်အတွင်း သတ်မှတ်လမ်းကြောင်းလေးခုမှ တော်ဝင်ယာဉ်လိုင်းကားလေးစီးနှင့် EV Bus တစ်စီး၊ စုစုပေါင်းယာဉ်ငါးစီးဖြင့် အခမဲ့ကြိုပို့ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)