“နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီး အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေ”
22 Nov
၂၀၂၆-၂၀၂၇ ရာသီ UEFA Nations League ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ UEFA ဌာနချုပ်၌ နိုဝင်ဘာလ ၂၀ ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ မဲခွဲပွဲတွင် FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဥရောပထိပ်သီးအဆင့်(၁)နှင့် (၂)နေရာတွင် ရှိနေ ကြသည့် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့က ကွာတားဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အခြား ပွဲစဉ်များတွင် ပေါ်တူဂီအသင်းက နယ်သာလန်အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး နော်ဝေအသင်းနှင့် အင်္ဂလန်အသင်း၊ ဘယ်လ်ဂျီယံအသင်းနှင့် ဂျာမနီအသင်းတို့က ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များတွင် အသီးသီးယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ ၎င်းကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် မတ်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း ကျင်းပ မှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် မတ်လ ၂၈ ရက်မှ ၃၀ ရက်အတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် စပိန်အသင်းက ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။(NVS 008)