“လက်ရှိဘဏ္ဍာနှစ် ခုနစ်လတာအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် တစ်သိန်းလေးသောင်းကျော် တင်ပို့ထားရှိ”

22 Nov

ပြည်တွင်းမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ရေထွက်ကုန်ငါးမက်ထရစ်တန် တစ်သိန်းလေးသောင်းကျော် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ၂၁၉ ဒသမ ၉၀၅ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ခုနစ်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၈၂,၅၂၀ ဒသမ ၄၃၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၆၅,၃၈၄ ဒသမ ၁၉၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃၇၆ သန်း ရရှိခဲ့တာဖြစ်ပါတဘ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ် မှုမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိပါတယ်။(NVS 004)

22 Nov

ADVERTISE HERE .