“ရန်ကုန်မြို့၌ တန်ဆောင်တိုင် MSME ဈေးရောင်း ပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲကျင်းပ”

22 Nov

၂၀၂၆ ခုနှစ် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်အတွင်း စားသောက်ဆိုင်ခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တို့မှ ပြခန်းများအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းရှင်များ၏ အရောင်းပြခန်းများ ပါဝင်သည့် စုစုပေါင်းဆိုင်ခန်း ၆၀ဝ ကျော်ဖြင့် ဖွင့်လှစ်ပြသ ရောင်းချလျက်ရှိပါတယ်။ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒိသာကျွေးမွေးခြင်းနှင့် ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ အနုပညာရှင်များ၏ ဖျော်ဖြေ မှုများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထား ရှိပြီး နိုဝင်ဘာလ ၂၄ ရက်အထိ နေ့စဉ်နံနက်ပိုင်းမှ ည ၁ဝ နာရီ အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

22 Nov

ADVERTISE HERE .