“ဗီယက်နမ်အစိုးရက မူးယစ်ဆေးဝါးမှောင်ခိုမှုအတွက် သေဒဏ်ချမှတ်မှုကို ဖျက်သိမ်း”

22 Nov

ဗီယက်နမ်နိုင်ငံသည် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် အချို့သောရာဇဝတ်မှုများအတွက် သေဒဏ်ကျင့်သုံးမှုစနစ် ကို နိုဝင်ဘာလ ၂၀ ရက်တွင် ဖျက်သိမ်းခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဗီယက်နမ် အမျိုးသားလွှတ်တော်က နိုဝင်ဘာလ ၂၀ ရက်တွင် အတည်ပြုခဲ့သော ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက်များအရ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် အချို့သော ရာဇဝတ်မှုများအတွက် သေဒဏ်ကျင့်သုံးမှုစနစ်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက်များအရ နိုင်ငံတော်သစ္စာဖောက်မှု၊ လူသတ်မှု၊ အကြမ်းဖက်ဝါဒ ပြစ်မှု၊ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ အတွက်သာ သေဒဏ်ချမှတ်မှု ကျင့်သုံးမည်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက်များအရ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု၊ ပုန်ကန်မှု၊ သက်ငယ်မုဒိမ်းမှုတို့အတွက် အမြင့်ဆုံးပြစ်ဒဏ်ကို သေဒဏ်အစား ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် အစားထိုးကျင့်သုံးမည်ဖြစ်ကြောင်း ဗီယက်နမ်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။ ဗီယက်နမ်နိုင်ငံ၏ ၁၉၈၅ ခုနှစ် ရာဇသတ်ဥပဒေတွင် ပြစ်မှု ၄၄ ခုတို့အတွက် သေဒဏ်ချမှတ်ခွင့် ပေးထား သော်လည်း နောက်ပိုင်းတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုအရေအတွက်ကို ဗီယက်နမ်အစိုးရက လျှော့ချခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ရာဇဝတ်မှုများအတွက် သေဒဏ်ပြစ်ဒဏ်ကို ကျင့်သုံးနေသော်လည်း သေဒဏ်စီရင်ခဲ့သည့် အကျဉ်းသားအရေအတွက်ကို တရားဝင်ထုတ်ပြန်လေ့ မရှိကြောင်းသိရသည်။

22 Nov

ADVERTISE HERE .