“မြန်မာဖိုက်တာ ဆလိုင်းထန်ခွီးရှိန် က ထိုင်းဖိုက်တာ ရက်ခ်အီယာဝမ် ကို အလဲထိုးဖြင့်အနိုင်ရရှိ”
21 NovONE Championship က ကြီးမှူးပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပခဲ့တဲ့ ONE Friday Fights 179 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဆလိုင်းထန်ခွီးရှိန် က ပြိုင်ဘက်ထိုင်းဖိုက်တာ ရက်ခ်အီယာဝမ် ကို ဒုတိယအချီ၌ အလဲထိုးဖြင့်အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲတွင် ဆလိုင်း ထန်ခွီးရှိန် နှင့် ရက်ခ်အီယာဝမ် တို့က အစီအစဉ်ပထမပိုင်းဖြစ်သည့် The Inner Circle အပိုင်း၌ ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပထမအချီကတည်းက ဆလိုင်းထန်ခွီးရှိန် က လက်ရည်အသာဖြင့် ဖိအားပေးထိုးသတ် ခဲ့သော်လည်း ရက်ခ်အီယာဝမ် က အကောင်းဆုံးပြန်လည်ပြီး တုံ့ပြန်ထိုးသတ်ခဲ့ပါတယ်။ ဒုတိယအချီတွင် ဆလိုင်းထန်ခွီးရှိန် က ပိုမိုတိုက်စစ်ဖွင့် ဖိအားပေးထိုးသတ်ခဲ့ရာ ဒုတိယအချီ ၁ မိနစ် ဝ၉ စက္ကန့် တွင် ဆလိုင်းထန်ခွီးရှိန် က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ ဆလိုင်းထန်ခွီးရှိန် အနေနဲ့ ONE Championship အဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် လေးပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရပါတယ်။(NVS 008)