“Japan DEMU အထူးရထားကို ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည်”
21 Nov
ခရီးသွားများသွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန် Japan DEMU အထူး ရထားကို နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခရီးစဉ်အနေနဲ့ နိုဝင်ဘာလ ၂၂ ရက်တွင် ရန်ကုန်ဘူတာကြီးမှ နံနက် ၁၀ နာရီခွဲမှာ စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နေ့လယ် ၃ နာရီခွဲတွင် ဆိုက်ရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ဘူတာမှ နံနက် ၁၀ နာရီခွဲမှာ စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နေ့လယ် ၃ နာရီခွဲတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာ တို့တွင် ရပ်တန့် ပေးသွားမည်ဖြစ်ကာ ခရီးစဉ်အတွက်လက်မှတ်များကို ortp.railways.gov. mm တွင် နိုဝင်ဘာလ ၂၀ ရက် ည ၁၂ နာရီမှစတင်ကာ ဝင်ရောက်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက Hotline ဖုန်း 1188 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရပါတယ်။(NVS 004)