“အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်များ ပူးတွဲငြိမ်းချမ်းရေး ကြေညာချက်ထုတ်ပြန်”

21 Nov

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင် တို့သည် နိုဝင်ဘာ ၁၉ ရက် တွင် ငြိမ်းချမ်းရေးကြေညာချက်တစ်ရပ်ကို ပူးတွဲထုတ်ပြန်ခဲ့ကြကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ မည်သူမျှ အနိုင်ရမည်မဟုတ်သည့် နျူကလီးယားစစ်ရေးပဋိပက္ခကို မည်သည့်အခါတွင်မျှ မတိုက်ခိုက် သင့်ကြောင်း အဆိုပါ ငြိမ်းချမ်းရေးကြေညာချက်တွင် အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်တို့က ထပ်လောင်း အတည်ပြုထားသည်။ ထို့ပြင် နျူကလီးယားစစ်ရေး ပဋိပက္ခအန္တရာယ်လျှော့ချရေး၊ နျူကလီးယားလက်နက် မပြန့်ပွားရေးတို့ အတွက် ဆွေးနွေးပွဲများကျင်းပမည်ဖြစ်ကြောင်း အဆိုပါငြိမ်းချမ်းရေးကြေညာချက်၌ အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်တို့က ကတိပြုထားသည်။ သို့ရာတွင် အဆိုပါ ငြိမ်းချမ်းရေးကြေညာချက်၌ အမေရိကန်၊ တရုတ်၊ ရုရှားနိုင်ငံတို့ကြား နျူကလီးယား လက်နက်လျှော့ချရေး သုံးပွင့်ဆိုင်သဘောတူညီချက် ရယူရေးနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြထားခြင်း မရှိသေး ကြောင်းသိရသည်။ အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်တို့သည် တရုတ်နိုင်ငံ ရှန်ကျန်းမြို့၌ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် အဆိုပါ ငြိမ်းချမ်းရေးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းကြေညာချက်တွင် ကုလသမဂ္ဂပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အမေရိကန်၊ တရုတ်၊ ရုရှားခေါင်းဆောင် တို့က အတည်ပြုထားသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် လောင်စာထုတ်ကုန်များ ဖြည့်ဆည်းပေးမှုမြှင့်တင်ရန်၊ နိုင်ငံတကာ တရားရုံးများ၏ တရားစွဲဆိုမှုများမှ နိုင်ငံတော်တာဝန်ရှိသူများ ကင်းလွတ်ခွင့်ကို ထိန်းသိမ်းကာကွယ်ရန် ခေါင်းဆောင် သုံးဦးတို့က သဘောတူခဲ့ကြကြောင်းသိရသည်။

21 Nov

ADVERTISE HERE .