“ချူယာမန်နီ နှင့် ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးခဲ့တဲ့ ရီးရဲလ်အသင်း”
20 Nov
ရီးရဲလ်အသင်းက ကွင်းလယ်ကစားသမား ချူယာမန်နီ ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို လိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက တူရကီတိုက်စစ်ကစားသမား အာဒါဂူလာ ကို သက်တမ်းတိုးခဲ့ပြီးနောက် ချူယာမန်နီ ကို ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ ချူယာမန်နီ က ပြီးခဲ့သည့်ရာသီမှာ အသင်းဖော် ဗယ်လ်ဗာဒီ နှင့် ခိုက်ရန် ဖြစ်ပွားမှုကြောင့် နွေရာသီကာလအတွင်း အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ရီးရဲလ်အသင်းမှာ ဆက်ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ချူယာမန်နီ ကို ၂၀၂၂ နွေရာသီမှာ မိုနာကိုအသင်းမှ ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ချူယာမန်နီ က ရီးရဲလ်အသင်းမှာ ပြိုင်ပွဲစုံ ၂၀၅ ပွဲကစားကာ ၇ ဂိုး သွင်းယူပေးထားပြီး ကွင်းလယ်မှာ သာမက နောက်ခံလူအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။ (NVS 008)
20 Nov