“မေဂျာလိဂ်ပြိုင်ပွဲမှာ တစ်နှစ်တာဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ မက်ဆီ”

20 Nov

မေဂျာလိဂ်ပြိုင်ပွဲမှာ တစ်နှစ်တာဝင်ငွေအကောင်းဆုံး ကစားသမားအဖြစ် အင်တာမိုင်ယာမီ ကစားသမား မက်ဆီ က ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ မက်ဆီ က ယခု ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃ သန်း အထိရရှိခဲ့ပြီး ယမန်နှစ်ကထက် ဒေါ်လာ ၈ သန်းဝန်းကျင် ပိုများခဲ့ပါတယ်။ မက်ဆီ ၏နောက်မှာ ချီကာဂိုအသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီး က ဒေါ်လာ ၁၉ ဒသမ ၅၁ သန်း၊ အော်လန်ဒိုအသင်း၏ တိုက်စစ်ကစားသမား ဂရီးဇ်မန်း က ၁၃ ဒသမ ၉၃ သန်း၊ လော့စ်အန်ဂျလိစ်အသင်း၏ တောင်ကိုရီးယားတောင်ပံကစားသမား ဆွန်ဟောင်မင် က ဒေါ်လာ ၁၁ ဒသမ ၁၅ သန်း၊ အတ္တလန်တာအသင်း၏ တိုက်စစ်မှူး အမ်ဘိုလို က ၁၀ ဒသမ ၈၁ သန်းတို့နဲ့ ရပ်တည်ခဲ့ကြပါတယ်။ အဆိုပါကစားသမားများရရှိတဲ့ တစ်နှစ်တာဝင်ငွေများမှာ ဘောလုံးနှင့်ပတ်သက်တဲ့ကဏ္ဍတစ်ခုသာဖြစ်ပြီး အခြား သောဝင်ငွေများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း သိရပါတယ်။ ဒါ့အပြင် တစ်နှစ်တာဝင်ငွေ အကောင်းဆုံးအသင်းအဖြစ် ဒေါ်လာ ၅၉ ဒသမ ၃၇ သန်းနဲ့ အင်တာမိုင်ယာမီအသင်းက ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .