“စက်သုံးဆီစျေးနှုန်းများ နှစ်ပတ်ဆက်တိုက်ကျဆင်းလာ”
20 Nov
ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ ဓာတ်ဆီဈေးနှုန်းများနှင့် ဒီဇယ်ဆီဈေးနှုန်းများ သိသိသာသာ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ သိရပါတယ်။ ရန်ကုန်မြို့မှာ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၈၁၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ကျပ် ၃,၈၈၀၊ ဒီဇယ်တစ်လီတာလျှင် ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅,၀၄၀ ဖြစ်ပါတယ်။ အဆိုပါဈေးနှုန်းများသည် လာမည့်နိုဝင်ဘာ ၂၆ ရက်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ယခင်အပတ်စျေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၄၅၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄၃၅ ကျပ် ဈေးကျဆင်းခဲ့ပါတယ် ဒီဇယ် (HSD 500 ppm) တစ်လီတာလျှင် ကျပ် ၂၂၅ နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာလျှင် ၂၇၅ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မန္တလေးမြို့မှာ ဓာတ်ဆီ 92 Ron တစ်လီတာ ကျပ် ၃,၉၇၀ ကျပ်၊ 95 Ron ကျပ် ၄,၀၃၅၊ ဒီဇယ် ကျပ် ၄,၃၀၀ နှင့် ပရီမီယံဒီဇယ် ကျပ် ၅,၁၉၅ ဖြင့် ရောင်းချရန် ရည်ညွှန်းဈေး သတ်မှတ်ထားပါတယ်။ (NVS 008)