“ရေကြည်မြို့နယ်ရှိ ရေကြီးနစ်မြုပ်ခဲ့သော စပါးစိုက်ဧကများအနက် ၁,၃၅၇ ဧကမှာ ပြန်လည်စိုက်ပျိုးထား”
20 Nov
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများပျက်စီးဆုံးရှုံးခဲ့ရာ ရေများပြန်လည်ကျဆင်းသွားချိန်၌ စပါးများပြန်လည်စိုက်ပျိုးနိုင်ရန် ရေကြီးနစ်မြုပ်လယ်မြေများတွင် နိုင်ငံတော်မှ မျိုး၊ သွင်းအားစု၊ စက်သုံးဆီများ အခမဲ့ထောက်ပံ့ထွန်ယက်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မယင်းကူးကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ်လယ်မြေများ အနက် စပါးစိုက်ဧက ၁,၃၅၇ ဧကတွင် စပါးများပြန်လည်စိုက်ပျိုးထားရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က နိုဝင်ဘာလ ၁၉ ရက်မှာ ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်၊ ကညင်သောင်ကျေးရွာအုပ်စု၊ နဂျီကုန်းကျေးရွာမှာလည်း ရေကြီးနစ်မြုပ် ပျက်စီးသွား သော လယ်မြေများအနက် အချို့လယ်မြေများတွင် စပါးများကိုပြန်လည်စိုက်ပျိုးထားကြောင်း သိရပါတယ်။ အခုလို စပါးများ ပြန်လည်စိုက်ပျိုးအပေါ် တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က တောင်သူများအား ဓာတ်မြေသြဇာထောက်ပံ့များ ပေးအပ်ခဲ့ပြီး ဆိုလာရေတင်စနစ်နဲ့ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားမှုကို ကြည့်ရှု ခဲ့ကြောင်း သိရပါတယ်။ (NVS 008)