“ပဲခူးမြို့မှာ တန်ဆောင်တိုင်မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကျင်းပမည်”

20 Nov

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနဲ့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကို နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့မှာ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်ယာဉ်ရပ်နားကွင်းနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးရှေ့တို့၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲမှာ စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မြို့တွင်းလူ စည်ကားရာနေရာများ၌ ရောင်စုံအရုပ်မျိုးစုံ ပုံဖော်မီးများထွန်းညှိထားခြင်းတို့အပြင် နိုင်ငံကျော်အနုပညာရှင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နံနက် ၈ နာရီမှစတင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော် ကြီးရှေ့ စတုဒိသာမဏ္ဍပ်မှာ ဘုရားဖူးလာသူများကို စတုဒိသာများဧည့်ခံကျွေးမွေး လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .