“မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး”
20 Nov
မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma တို့ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယသမ္မတ ဦးညိုစော နှင့် သီရိလင်္ကာသံအမတ်ကြီးတို့က နိုဝင်ဘာလ ၁၉ ရက်မွန်းလွဲ ၂ နာရီက နေပြည် တော်မှာ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးပိုမိုကောင်းမွန်ရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)
20 Nov