“မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံနှင့် နိုင်ငံတကာပါလီမန်အဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး”
20 Nov
မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံနှင့် နိုင်ငံတကာပါလီမန်အဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်နေမှုကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နှင့် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံသံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia တို့ဆွေးနွေးခဲ့ကြပါတယ်။ ဦးအောင်လင်းဒွေးနှင့် နီကာရာဂွါနိုင်ငံသံအမတ်ကြီးတို့က နိုဝင်ဘာလ ၁၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခိုင်မာတိုးတက်လာမှုနှင့် နှစ်ဖက်သံရုံးများ အပြန်အလှန်ဖွင့်လှစ် နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် အစိုးရသစ်ပေါ်ပေါက်လာမှုအပေါ် ထောက်ခံအားပေးခဲ့မှုကို ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံနှင့် နိုင်ငံတကာပါလီမန်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အတွေ့အကြုံဖလှယ်ရေး တိုးမြှင့်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ ကြပါတယ်။ (NVS 008)