“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် လာရောက်ဂါရဝပြုတွေ့ဆုံ”

20 Nov

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က နိုဝင်ဘာလ ၁၉ ရက်မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေနဲ့ မကြာမီကာလအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်လွှဲပြောင်း ရယူထမ်းဆောင်ရေး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် ဘင်းမ်စတက်အဖွဲ့တည်ထောင်မှု နှစ် ၃၀ ပြည့်အခမ်းအနားကျင်းပရေး၊ အဖွဲ့ဝင်နိုင်ငံများကြား အစိုးရနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး၊ ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးတို့ကို ဆွေးနွေး ခဲ့ကြပါတယ်။ အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .