“ဟော်မုဇ်ရေလက်ကြား စွမ်းအင်ပို့ဆောင်မှု ပြတ်တောက်ခြင်းကြောင့် စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်ခဲ့ဟု IEA ပြောကြား”

20 Nov

၂၀၂၆ ခုနှစ်အတွင်း ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စွမ်းအင်သယ်ယူပို့ဆောင်မှုများ ပြတ်တောက်ခဲ့ခြင်း ကြောင့် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး စွမ်းအင်ထောက်ပံ့မှု အကျပ်အတည်း ဖြစ်ပေါ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) က ပြောကြားသည်။ ယင်းအခြေအနေကြောင့် နိုင်ငံများသည် စွမ်းအင်ရင်းမြစ်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အမျိုးမျိုးခွဲဝေအသုံးပြုလာကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်း အသုံးပြုသည့် နိုင်ငံများတွင် နေထိုင်ကြပြီး လူဦးရေ ၄ ဘီလီယံကျော်သည် ဟော်မုဇ်ရေလက်ကြားမှ ရေနံထောက်ပံ့မှုအပေါ် အဓိကမှီခိုနေရသည့် နိုင်ငံများတွင် နေထိုင်ကြောင်း သိရသည်။ စွမ်းအင်အကျပ်အတည်းအပြင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၊ ဓာတ်မြေဩဇာပြတ်လပ်မှုနှင့်ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် စားနပ်ရိက္ခာဖူလုံရေးအပေါ်ပါ ခြိမ်းခြောက်မှုများမြင့်တက်လာကြောင်း IEA က သတိပေး သည်။ အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံများသည် နေရောင်ခြည်စွမ်းအင်၊ လေအားလျှပ်စစ်၊ ရေအား လျှပ်စစ်နှင့် ဘူမိအပူစွမ်းအင်တို့အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးချဲ့အသုံးပြုလာကြသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ ကမ္ဘာတစ်ဝန်း နျူကလီးယားဓာတ်အားပေးစက်ရုံသစ်များ၏ စုစုပေါင်းလျှပ်စစ် ထုတ်လုပ်နိုင်စွမ်း ၉၀ ဂစ်ဂါဝပ်နီးပါးကို တည်ဆောက်လျက်ရှိပြီး ယင်းပမာဏသည် ၃၅ နှစ်ကျော်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း IEA အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Nov

ADVERTISE HERE .