၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် အတွက် ထူးခြားထင်ရှား Breakfast သတင်းများ

20 Nov

မြဝတီမီဒီယာစင်တာ Novel Star News Agency ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် အတွက် ထူးခြားထင်ရှား Breakfast သတင်းများ 📍 ပြည်တွင်းသတင်း (Local News) ရှမ်းပြည်နယ် လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ဆောင်ရွက်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရာတွင် လက်နက်များ၊ Starlink စက် ၂ လုံးနှင့် မိုဘိုင်းဖုန်း ၃၇ လုံး တို့ကို သိမ်းဆည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်။ သတင်းရင်းမြစ် - Myanmar Digital News 🇨🇳 တရုတ်သတင်း တရုတ်နှင့် တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူ ညီချက်(FTA)ကို အဆင့်မြှင့်တင်ရန် ဆွေးနွေးမှုများ အပြီးသတ်နိုင်ခဲ့သည်။ ရင်းနှီး မြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ ဘဏ္ဍာရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုတိုးချဲ့ရန် သဘောတူထားသော်လည်း တရားဝင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။ သတင်းရင်းမြစ် - Caixin Global 🇮🇳 အိန္ဒိယသတင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော Akvan ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် လူဦးရေ ၁၂၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး ကယ်ဆယ်ရေးအဖွဲ့ ၃၀၀ ကျော် အသင့်ပြင်ဆင်ထားသည်။ ရထား ခရီးစဉ် ၆၅ ခုကျော်ကိုလည်း ကြိုတင်ဖျက်သိမ်းထားပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထား သည်။ သတင်းရင်းမြစ် - Hindustan Times 🌏 အာဆီယံသတင်း အမေရိကန်သမ္မတ Donald Trump က အာဆီယံဒေသတွင်း အမေရိကန်ကုမ္ပဏီများ အတွက် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီ ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ကြေညာခဲ့သည်။ အဓိကအစီအစဉ်တွင် Philippine Airlines အတွက် Boeing 787 လေယာဉ် ၂၀ စင်း ဝယ်ယူရေး ဒေါ်လာ ၁၂ ဘီလီယံ သဘောတူညီချက်နှင့် မလေးရှား၊ ဘရူနိုင်းတို့၏ AI နည်းပညာဖွံ့ဖြိုးရေး အစီအစဉ်များ ပါဝင်သည်။ သတင်းရင်းမြစ် - GMA News 🌐 ကမ္ဘာ့သတင်း အမေရိကန်၊ တရုတ်နှင့် ရုရှားခေါင်းဆောင်များသည် တရုတ်နိုင်ငံ Shenzhen မြို့တွင် သုံးနိုင်ငံထိပ်သီးအစည်းအဝေး ပြုလုပ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ နျူကလီးယားအန္တရာယ်လျှော့ချရေး ဆွေးနွေးမှုများ၊ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနှင့် စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်ရေးတို့ကို သဘောတူခဲ့ သော်လည်း ယူကရိန်းနှင့် အီရန်ပဋိပက္ခများအတွက် တိကျသော ဖြေရှင်းချက်များ မပါဝင်ခဲ့ပေ။ သတင်းရင်းမြစ် - Associated Press (AP) 💹 စီးပွားရေးနှင့် စီးပွားကုန်သွယ်ရေး AI ကုမ္ပဏီ Anthropic သည် အမေရိကန်စတော့ဈေးကွက်တွင် ပထမဆုံးအကြိမ် အစု ရှယ်ယာရောင်းချမှု(IPO) ပြုလုပ်ခဲ့ရာ ပထမနေ့အရောင်းအဝယ်အဆုံးတွင် ရှယ်ယာ တန်ဖိုး ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အရောင်းအဝယ်စတင်ချိန်တွင် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၂ ထရီလီယံအထိ ခေတ္တရောက်ရှိခဲ့ပြီး AI လုပ်ငန်း ကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ပြသခဲ့သည်။ သတင်းရင်းမြစ် - Reuters 💻 နည်းပညာ တရုတ် AI ကုမ္ပဏီ DeepSeek သည် ယွမ် ၁၀၀ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်)တန်ဖိုးရှိ ဒုတိယအကြိမ် ပြင်ပရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေရှာဖွေမှုကို အပြီး သတ်ခဲ့သည်။ ကုမ္ပဏီသည် ရှန်ဟိုင်း STAR Market တွင် အများပိုင်ရှယ်ယာကုမ္ပဏီ အဖြစ် စာရင်းဝင်နိုင်ရေး ပြင်ဆင်နေကြောင်း သတင်းဖော်ပြထားသည်။ သတင်းရင်းမြစ် - Caixin Global 🏛️ နိုင်ငံရေး တူရကီနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem İmamoğlu ၏ တက္ကသိုလ်ဘွဲ့ကို တရားမဝင်ဟုသတ်မှတ်ထားသည့် ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်မှုကို တရားရုံးကပယ်ချခဲ့သည်။ တူရကီဥပဒေအရ သမ္မတလောင်းတစ်ဦးသည် တက္ကသိုလ်ဘွဲ့ရှိရမည်ဖြစ်သဖြင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အခက်အခဲဖြစ်လာသည်။ သတင်းရင်းမြစ် - Euronews 🏥 ကျန်းမာရေး (Health) ပြင်သစ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး သတိပေးအဆင့် အမြင့်ဆုံးသို့ မြှင့်တင် ဥရောပတစ်ဝန်း တောရိုင်းငှက်များအကြား ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှု ကြောင့် ပြင်သစ်အစိုးရက သတိပေးအဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ နိုဝင်ဘာ ၂၀ ရက်မှစ၍ ကြက်၊ ဘဲမွေးမြူရေးခြံများတွင် ငှက်များကို အကာအကွယ် ရှိသော နေရာများ၌ထားရှိရန် ကန့်သတ်ချက်များ စတင်သက်ရောက်မည်ဖြစ်သည်။ သတင်းရင်းမြစ် - Reuters 🔬 သိပ္ပံနှင့် သုတေသန (Science) ဟိုက်ဒရိုဂျင်မီးတောက် မမြင်ရနိုင်သည့် အကြောင်းရင်းကို သုတေသီများ ဖော်ထုတ် Adelaide University သုတေသီများ၏ လေ့လာမှုအရ လေထုအတွင်းရှိ Sodium ဓာတ်နှင့် ပင်လယ်ဆားငွေ့မှုန်များသည် ဟိုက်ဒရိုဂျင်မီးတောက်၏ လိမ္မော်ရောင် တောက်ပမှုကိုဖြစ်စေကြောင်း တွေ့ရှိခဲ့သည်။ Sodium ပမာဏနည်းသည့်အခါ မီးတောက်သည် အလွန်မှိန်သွားနိုင်သဖြင့် ဟိုက်ဒရိုဂျင်သုံးမီးဖိုများတွင် အရောင်ကို သာအားကိုးသည့် ဘေးကင်းရေးစနစ်များအစား သီးခြားအာရုံခံကိရိယာများ လိုအပ် ကြောင်း သုတေသီများက ထောက်ပြထားသည်။ သတင်းရင်းမြစ် - Adelaide University 🏆 အားကစား (Sports) Ben Shelton ATP Finals ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက် အမေရိကန်တင်းနစ်ကစားသမား Ben Shelton သည် စပိန်ကစားသမား Rafael Jodar ကို 7-6(8), 7-5 ဖြင့် အနိုင်ရရှိခဲ့ပြီး Alexander Zverev က Arthur Fils ကို အနိုင်ရပြီးနောက် ATP Finals ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ Shelton အတွက် ယခုအကြိမ်သည် ATP Finals ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်သည်။ သတင်းရင်းမြစ် - RTHK 🎬 ဖျော်ဖြေရေးနှင့် အနုပညာရှင်များ (Entertainment & Celebrity) Connor Storrie ပါဝင်သည့် APRIL X ရုပ်ရှင် HBO Max တွင် ဒီဇင်ဘာ ၁၈ ရက် စတင်ပြသမည် သရုပ်ဆောင် Connor Storrie ပါဝင်သည့် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို ဇာတ်ကား APRIL X ကို အမေရိကန်နိုင်ငံတွင် HBO Max မှ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်၌ စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း Warner Bros. Discovery က ကြေညာခဲ့ သည်။ ရုပ်ရှင်ကို HBO ရုပ်သံလိုင်းတွင် ဒီဇင်ဘာ ၁၉ ရက်၌လည်း ပြသသွားမည် ဖြစ်သည်။ သတင်းရင်းမြစ် - Warner Bros. Discovery Pressroom 🌍 ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် (Climate & Environment) COP31 ရာသီဥတုညီလာခံ သဘောတူညီချက်မူကြမ်းမှ Fossil Fuels ဆိုင်ရာ ကတိကဝတ်များ ဖယ်ရှားခံရ တူရကီနိုင်ငံ Antalya မြို့တွင် ကျင်းပနေသည့် COP31 ရာသီဥတုညီလာခံ၏ နောက်ဆုံးမူကြမ်းတွင် ရုပ်ကြွင်းလောင်စာများအသုံးပြုမှု လျှော့ချရေးနှင့် အဆင့်ဆင့် ဖယ်ရှားရေးဆိုင်ရာ စာသားများကို ဖယ်ရှားထားကြောင်း The Guardian က ဖော်ပြ သည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်များတွင်လည်း သဘောတူညီမှု မရရှိသေးသဖြင့် နိုင်ငံ အချို့က ကန့်ကွက်နေကြသည်။ သတင်းရင်းမြစ် - The Guardian ✈️ ခရီးသွားလာရေး (Travel) အာရှအလယ်ပိုင်း လေကြောင်းခရီးသည်ဦးရေ နှစ် ၂၀ အတွင်း သုံးဆနီးပါး တိုးလာနိုင် Airbus ၏ Global Market Forecast 2026–2045 အရ အာရှအလယ်ပိုင်းနိုင်ငံ များတွင် လေကြောင်းခရီးသည်ဦးရေသည် လာမည့်နှစ် ၂၀ အတွင်း သုံးဆနီးပါး တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။ စီးပွားရေးဖွံ့ဖြိုးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လူလတ်တန်းစားဦးရေ တိုးတက်လာမှုတို့က အဓိကမောင်းနှင်အား များ ဖြစ်လာမည်ဟု ဆိုသည်။ သတင်းရင်းမြစ် - Kazinform 🌿 လူနေမှုပုံစံနှင့် ကျန်းမာသုခ (Lifestyle & Wellness) နှလုံးကျန်းမာရေးကောင်းမွန်ခြင်းသည် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်နှင့် ဆက်စပ် နေကြောင်း သုတေသနတွေ့ရှိ အမေရိကန် U.S. POINTER နှစ်နှစ်ကြာသုတေသနတွင် စနစ်တကျလေ့ကျင့်ခန်း၊ အစားအသောက်၊ လူမှုဆက်ဆံရေးနှင့် ကျန်းမာရေးစောင့်ကြည့်မှုတို့ ပါဝင်သော လူနေမှုပုံစံအစီအစဉ်သည် နှလုံးနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ အန္တရာယ်ညွှန်းကိန်းများကို ပိုမို ကောင်းမွန်စေခဲ့သည်။ ထိုတိုးတက်မှုများသည် ဦးနှောက်မှတ်ဉာဏ်နှင့် သိမြင်နိုင်စွမ်း တိုးတက်မှုတို့နှင့်လည်း ဆက်စပ်နေကြောင်း ဖော်ပြထားသည်။ သတင်းရင်းမြစ် - UC Davis Health 🎓 ပညာရေး (Education) ကျောင်းသားများ၏ အမှတ်ပေးမှုအပေါ် မိဘများက ကျောင်းများကို တရားစွဲဆိုလာမှု မြင့်တက် အမေရိကန်တွင် ကျောင်းသားများ၏ အမှတ်ပေးမှုနှင့်ပတ်သက်၍ မိဘများက ကျောင်းခရိုင်များကို တရားစွဲဆိုသည့် ဖြစ်ရပ်များကို Education Week က ဖော်ပြ ခဲ့သည်။ တရားရုံးများသည် ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပုံမှန်အားဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ကျောင်းသားအခွင့်အရေး ချိုးဖောက်မှုနှင့် ခွဲခြားဆက်ဆံမှုများရှိပါက စိစစ်နိုင်ကြောင်း သိရသည်။ သတင်းရင်းမြစ် - Education Week ⚖️ ရာဇဝတ်မှုနှင့် တရားမျှတရေး (Crime & Justice) ICJ က လူမျိုးတုံးသတ်ဖြတ်မှုအမှုတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်တာဝန်ရှိကြောင်း ဆုံးဖြတ် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ဘင်္ဂါလီများ အပေါ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ နစ်နာမှု ကုစားရေးနှင့် လျော်ကြေးဆိုင်ရာ ဆောင်ရွက်ချက်များကို နှစ်နှစ်အတွင်း အစီရင်ခံ တင်ပြရန်လည်း အမိန့်ချမှတ်ခဲ့သည်။ သတင်းရင်းမြစ် - Le Monde 🚗 မော်တော်ယာဉ် (Automotive) Hyundai က မျိုးဆက်သစ် Elantra ကားကို မိတ်ဆက် Hyundai သည် Los Angeles Auto Show တွင် အဋ္ဌမမျိုးဆက် Elantra အသစ်ကို နိုဝင်ဘာ ၁၉ ရက်က မိတ်ဆက်ခဲ့သည်။ ၂၀၂၇ မော်ဒယ် ဓာတ်ဆီကားနှင့် ၂၀၂၈ မော်ဒယ် Hybrid ကားတို့တွင် ကိုယ်ထည်ဒီဇိုင်းအသစ်၊ အတွင်းခန်းပိုမိုကျယ်ဝန်းမှုနှင့် Pleos Connect နည်းပညာသစ်တို့ ပါဝင်လာမည်ဖြစ်သည်။ သတင်းရင်းမြစ် - Hyundai Motor Company

20 Nov

ADVERTISE HERE .