“မေဂျာလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားသစ်ဆုကို ရရှိခဲ့တဲ့ ဂရီးဇ်မန်း”
19 Nov
အော်လန်ဒိုစီးတီးအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်း က မေဂျာလိဂ်ပြိုင်ပွဲ၏ ၂၀၂၆ ရာသီအတွက် အကောင်းဆုံးကစားသမားသစ်ဆု(Newcomer of the Year)ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဂရီးဇ်မန်း က အက်သလက်တီကိုအသင်းနှင့် လမ်းခွဲကာ အော်လန်ဒိုစီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆန္ဒမဲ ၅၁ ဒသမ ၀၂ ရာခိုင်နှုန်းနဲ့ အကောင်းဆုံးကစားသမားသစ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုဆုကို မေဂျာလိဂ်ကလပ်အသင်းများမှ နည်းပြအဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များနှင့် လက်ရှိကစားသမား များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂရီးဇ်မန်း က ယခုဆုကို ပထမဆုံးရရှိတဲ့ အော်လန်ဒို စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီအသင်း၏ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ က မေဂျာလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုများ ဆက်တိုက်ရရှိခဲ့ပေမယ့် ယခုကဲ့သို့သော ဆုကိုမူ ရယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ (NVS 008)