“အာဆီယံနိုင်ငံငါးနိုင်ငံမှ ကြည်းတပ်အကြီးအကဲများနှင့် ဗိုလ်ချုပ်ကြီးကျော်စွာလင်း သီးခြားစီတွေ့ဆုံ”
19 Nov
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း က မလေးရှား၊ ဘရူနိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တပ်မတော်အကြီးအကဲများနှင့် နိုဝင်ဘာလ ၁၇ ရက်တွင် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများကို မလေးရှားနိုင်ငံ၌ ကျင်းပတဲ့ (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီး ချုပ်များအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်စရီ အက်ဇ်ဟန် ဘင်ဟာဂျီ မိုဟာမက် အိုသမန်၊ ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အယ်လ်ဒီ ဘင် ဟာဂျီ ဟတ်ဆန်၊ လာအိုပြည်သူ့ တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် ထောင်းဆာမိုင်း ဆွတ်ပဆစ်၊ ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကွီယန် ဘာလွတ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မော်ဆိုဖန်းတို့ကို သီးခြားစီတွေ့ဆုံ ခဲ့ပါတယ်။ တွေ့ဆုံစဉ် သက်ဆိုင်ရာနှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)