“သာစည်မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများ အဂတိလိုက်စားပြီး လျှပ်စစ်မီးပေးနေခြင်းမှာ သတင်းမှားသာဖြစ်”

19 Nov

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများ အဂတိလိုက်စားပြီး လျှပ်စစ် မီးပေးနေသည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်၌ ရေးသားဖော်ပြနေခြင်းများမှာ သတင်းမှားသာဖြစ်သည်ဟု ပြန်လည်ရှင်းလင်းအသိပေးခဲ့ပါတယ်။ သာစည်မြို့နယ်၊ ဟံဇား၊ တမာ၊ ဝမ်းသာကျေးရွာများရှိ စက်ယက္ကန်း၊ ဆီစက်၊ ဆန်စက်လုပ်ကိုင်သူများက လုပ်ငန်းသုံးမီတာများရှိ Seal များ၊ Circuit များ ဖြတ်တောက်ထားပြီး လျှပ်စစ်ယူနစ်များခိုးယူသုံးစွဲခြင်း၊ ဆန်စက်၊ ဆီစက်တစ်စက်လျင် ငွေကျပ် ၅၀,၀၀၀၊ ယက္ကန်းစင် တစ်စင်လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းအား သာစည်မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများအနေနဲ့ ငွေတောင်းယူကာ လျှပ်စစ်မီးပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြ ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဓာတ်အားဖြန့်ဖြူးရေးဌာနတာဝန်ရှိ သူများက နိုဝင်ဘာလ ၁၅ ရက်မှာ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။ စစ်ဆေးချက်များအရ လူမှု ကွန်ယက်မှာ ရေးသားဖော်ပြထားသော ကျေးရွာများကို သာစည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ နိုင်ငံတော် ဓာတ်အား စနစ်မှာ ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတဖြစ်နေချိန် ဝန်အားလျှော့ဖြန့်ဖြူးပေးခြင်း အစီအစဥ်အတိုင်း တစ်ရက် ညပိုင်း ၈ နာရီသာဓာတ်အားပေးပြီး ယင်းကျေးရွာများရှိ ဆီစက်၊ ဆန်စက်၊ ယက္ကန်းစင်လုပ်ငန်းများမှာ နေ့ပိုင်းတွင် ၎င်းတို့အစီအစဥ်ဖြင့်တပ်ဆင်ထားသည့် ဆိုလာဓာတ်အားဖြင့်သာ လုပ်ငန်းလုပ်ကြသည်ကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ယင်းကျေးရွာများမှာ MESC မှ စီမံချက်ဖြင့် Digital AMI မီတာများဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် လဲလှယ်တပ်ဆင်ခဲ့ပြီးဖြစ်ရာ ဌာနမှသတ်မှတ်ထားသည့် Seal များ ပြည့်စုံစွာရှိသည်ကိုလည်း တွေ့ရှိခဲ့ ရပါတယ်။ ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ မီးလင်းရေးကော်မတီအဖွဲ့များမှ တာဝန်ယူထောက်ခံ ချက်များအရ သာစည်မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများ အဂတိလိုက်စား၍ လျှပ်စစ်မီးပေးနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စစ်ဆေး‌တွေ့ရှိခဲ့ရကြောင်း အသိပေးခဲ့ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .