“နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကဏ္ဍများမှာ UNODC နှင့် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး”
19 Nov
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင် ရာရုံး(UNODC)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး Ms. Delphine Schantz တို့ နိုဝင်ဘာလ ၁၇ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ လုံးဝသည်းခံမှုမရှိသည့်မူဝါဒဖြင့် ပြတ်ပြတ် သားသားတားဆီးနှိမ်နင်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ၎င်းကဏ္ဍများမှာ UNODC နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများမှာ UNODC ၏ နိုင်ငံတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)
19 Nov