“မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည်”

19 Nov

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် ကမ္ဘောဒီးယားနိုင်ငံ သတ္တုနှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E. Mr. Cheap Sour တို့ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိသဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်လျက်ရှိတဲ့ ကမ်းလွန်လုပ်ကွက်များ၊ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရန် အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များနှင့် လစ်လပ်လျက်ရှိသော ကမ်းလွန် လုပ်ကွက်တို့မှာ ကမ္ဘောဒီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှာ တည်ဆောက်လျက်ရှိတဲ့ Power Plant အတွက် လိုအပ်မည့်သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ၏ လက်ရှိသွယ်တန်းထားရှိသည့် ပိုက်လိုင်းနှင့် အခြေခံအဆောက်အအုံများအသုံးပြု၍ LNG နှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စွမ်းအင်အရင်းအမြစ်များ ပေါင်းစပ်အသုံးပြုလျက် ရှိတဲ့အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားချိတ်ဆက်ရယူနေရမှုကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .