“အယ်နီညိုဖြစ်စဉ်ကြောင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်ချိန်မှာ သုံးစွဲနိုင်ရန် အရန်ဆန်များစုဆောင်းနေ”

19 Nov

အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ပြီး နိုင်ငံတော်အတွင်း စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်ချိန်မှာ သုံးစွဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်သိုလှောင်ရုံများ၌လည်း အရန်ဆန်များကို စုဆောင်း သိုလှောင်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါသိုလှောင်ရုံများအနက် မင်္ဂလာဒုံမြို့နယ်ရှိ အရန်ဆန်သိုလှောင်ရုံမှာ အရန်ဆန်များရောက်ရှိမှု၊ လက်ခံ သိုလှောင်ထားရှိမှုတို့ကို ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ် က နိုဝင်ဘာလ ၁၈ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာသိုလှောင်ရုံများသို့ အရန်ဆန်များ အပြည့်အဝရောက်ရှိစေရေး၊ သတ်မှတ်ထားတဲ့ အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးနှင့် လေလွင့် ပျက်စီးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စနစ်တကျကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .