“တစ်နိုင်ငံလုံးအတိုင်းအတာ 5G ဆက်သွယ်ရေးစနစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေ”

19 Nov

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့မှာ 5G ဆက်သွယ်ရေးစနစ် စတင်စမ်းသပ် အကောင်အထည် ဖော်ရာ၌ အောင်မြင်မှုများရရှိခဲ့သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာသို့ 5G စနစ် ကူးပြောင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့မှာ 5G ဆက်သွယ်ရေးစနစ် စတင်စမ်းသပ် အကောင်အထည်ဖော်ရာ အောင်မြင်မှုရရှိခဲ့တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးကို 5G စနစ် ပြောင်းလဲဖို့အတွက် ကြိုးစားနေကြောင်း ၎င်းတို့အစိုးရလက်ထက်မှာလည်း 5G ကို အားလုံးပြောင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် 5G နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း မြို့ကြီးသုံးမြို့၌ စတင်စမ်းသပ်အသုံးပြုရာတွင် အောင်မြင်မှုများ ရရှိနေကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .