“ရုရှားလေယာဉ် ဗုံးခြိမ်းခြောက်ခံရသော်လည်း တူကီယဲနိုင်ငံသို့ ဘေးကင်းစွာဆင်းသက်”

19 Nov

ရုရှားနိုင်ငံမှ ခရီးသည် ၆၅ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ် တစ်စင်းမှာ ဗုံးခြိမ်းခြောက်မှုကြုံတွေ့ခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၈ ရက်တွင် တူကီယဲနိုင်ငံတောင်ပိုင်း အန်တယ် လျာလေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြသည်။ အဆိုပါ လေယာဉ် မှာ ရုရှားနိုင်ငံ မင်နာရယ်လ်နီဗိုဒီ (Mineralnye Vody)မြို့မှ တူကီယဲနိုင်ငံ အန်တယ်လျာမြို့သို့ ပျံသန်းလာသည့် အာဇီမုသ် (Azimuth) လေကြောင်းလိုင်းပိုင် ဆူခွိုင်းစူပါဂျက် ၁၀၀ (Sukhoi Superjet 100) အမျိုးအစား လေယာဉ် ဖြစ်သည်။ ဗုံးခြိမ်းခြောက်မှုသတင်းရရှိပြီးနောက် လေယာဉ်ကို လုံခြုံရေးအဖွဲ့များက အနီးကပ်စောင့်ကြည့် ခဲ့ကြောင်း Demirren သတင်းဌာနက ဖော်ပြသည်။ လေယာဉ်သည် အန်တယ်လျာလေဆိပ်၏ ဒုတိယမြောက်ပြေးလမ်းပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် လုံခြုံရေးသတ်မှတ်ထားသည့်နေရာသို့ ရွှေ့ပြောင်းထားခဲ့သည်။ ထို့နောက် ခရီးသည်များနှင့်လေယာဉ်ဝန်ထမ်း အားလုံးကို လေယာဉ်ပေါ်မှ ဘေးကင်းစွာ ဆင်းသက်စေခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ လက်ရှိတွင် လေယာဉ်အတွင်း ဗုံး သို့မဟုတ် အန္တရာယ်ရှိသည့် ပစ္စည်းများ ရှိ၊ မရှိ သိရှိနိုင်ရန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Nov

ADVERTISE HERE .