“ကုန်သွယ်ရေး၊ ဉာဏ်ရည်တုနှင့် အခြားသောကိစ္စရပ်အများအပြားကို APEC ခေါင်းဆောင်များ ဆွေးနွေးမည်”

19 Nov

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ ခေါင်းဆောင်များအစည်းအဝေးကို တရုတ် နိုင်ငံ ရှင်းကျန့်မြို့၌ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် စတင်ကျင်းပခဲ့ပြီး အစည်းအဝေးပြင်ပတွင် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအများအပြားကို ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ အစည်းအဝေးမတိုင်မီ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် APEC စီးပွားရေးလုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေး၌ စီးပွားရေးဆိုင်ရာခေါင်းဆောင်များအား မိန့်ခွန်းပြောကြားရာတွင် APEC စီးပွားရေးအဖွဲ့ဝင်များအနေဖြင့် စည်းမျဉ်းကိုအခြေပြုပြီး နိုင်ငံပေါင်းစုံပါဝင်ကာ လွတ်လပ်သောကုန်သွယ်မှုစနစ်ကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောသည်။ ရှီကျင့်ဖျင်သည် နိုဝင်ဘာလ ၁၈ ရက်အစောပိုင်းတွင် ရုရှားနှင့်တောင်ကိုရီးယားသမ္မတတို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် ခေါင်းဆောင်များ သည် ကုန်သွယ်ရေး၊ ဉာဏ်ရည်တုနှင့်အခြားသော ကိစ္စရပ်အများအပြားကို နှစ်ရက်ကြာ ဆွေးနွေးသွားမည် ဖြစ် သည်။ နိုဝင်ဘာလ ၁၉ ရက် တွင်ပြုလုပ်ရန် လျာထားသည့် အမေရိကန်ပြည်ထောင်စု၊ တရုတ် နှင့် ရုရှားနိုင်ငံတို့ အကြား ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးအပေါ် ကမ္ဘာတစ်ဝန်းက အာရုံစိုက်စောင့်ကြည့် နေကြ ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Nov

ADVERTISE HERE .