“Nations League ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို နိုဝင်ဘာလ ၂၀ ရက်မှာ ပြုလုပ်မည်”
18 Nov
၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို လာမည့် နိုဝင်ဘာလ ၂၀ ရက် သောကြာနေ့မှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ ကွာတားဖိုင်နယ်အဆင့်သို့ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ နယ်သာလန်၊ အင်္ဂလန်၊ စပိန်၊ ပေါ်တူဂီနှင့် နော်ဝေတို့ တက်ရောက်ခဲ့ကြပါတယ်။ မဲခွဲပွဲအခမ်းအနားကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) တည်ရှိရာ ဆွစ်ဇာလန် နိုင်ငံ နီယွန်မြို့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ကွာတားဖိုင်နယ်မဲခွဲပွဲမှာ အုပ်စုပထမရသည့် အသင်းများနှင့် အုပ်စုဒုတိယရတဲ့အသင်းများကို တွဲဖက်ပေးမှာ ဖြစ်ပြီး အုပ်စုတူအသင်းများ ပြန်လည်ဆုံတွေ့ရမည်မဟုတ်ကြောင်း သိရပါတယ်။ ကွာတားဖိုင်နယ်ပထမအကျော့ကို မတ်လ ၂၅ မှ ၂၇ အတွင်းယှဥ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၂၈ မှ ၃၀ အတွင်း ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ စပိန်အသင်းက အုပ်စုနောက်ဆုံးပွဲမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့သော်လည်း ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံး အသင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး ပြင်သစ်အသင်းက ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ (NVS 008)