“မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်တို့မှာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက်တူးဖော်နေ”
18 Nov
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တူးဖော်မှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ အမှတ်(၃)လမ်း(ရန်ကုန်-ပဲခူးလမ်းနှင့် ခရေပင်လမ်းဆုံကြား)နှင့် ရန်ကုန်-ပဲခူးလမ်း(ရန်ကုန်တိုင်းနယ်နိမိတ်အစမှ ထောက်ကြန့်လမ်းဆုံအထိ)လမ်းမကြီး ဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင်မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ အမှတ်(၃) လမ်းမကြီးဘေးမှာလည်း လမ်းနယ်တိုင်းတာခြင်းနှင့် ရေနုတ်မြောင်းပြုလုပ်မည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က နိုဝင်ဘာလ ၁၇ ရက်နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)