“ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၅) နှစ်ပြည့်ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်”
18 Nov
ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၅) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက် ကြည်ညို ပူဇော်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက် ပြည်မြို့၊ ရတနာမာန်အောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေပြီး ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော် ၁၀၈ ပါးတို့ကို ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)
18 Nov