“မီးပြန်လာချိန် လျှပ်စစ်ပစ္စည်းများ တစ်ပြိုင်နက်မဖွင့်ရန် ဝန်ကြီးဌာန မေတ္တာရပ်ခံ”
18 Nov
လျှပ်စစ်မီးပြန်လာချိန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို တစ်ပြိုင်နက် ဖွင့်သုံးခြင်းမပြုဘဲ တစ်ခုချင်းစီကို အချိန်အနည်းငယ်ခြား၍ ဖွင့်သုံးကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။ လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ဖြန့်ဖြူးနေစဉ် မီးပြန်လာသည်နှင့် လျှပ်စစ်ပစ္စည်းများကို တစ်ပြိုင်နက် ဖွင့်သုံးကြသဖြင့် ဓာတ်အားလိုင်းပေါ်ရှိဝန်အား ရုတ်တရက်မြင့်တက်ကာ မီးပြန်ပြတ်တောက်မှုများ ဖြစ်ပေါ် နေကြောင်း ဝန်ကြီးဌာနက ရှင်းပြထားပါတယ်။ အခုလိုမီးပြန်ပြတ်တောက်မှုများ လျော့နည်းစေရန် မီးပြတ်သွားချိန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ခလုတ်များကို ပိတ်ထားပြီး မီးပြန်လာသည့်အခါ အသုံးပြုလိုသည့် ပစ္စည်းများကိုသာ တစ်ခုချင်း အချိန်ခြား၍ ပြန်ဖွင့်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ (NVS 008)
18 Nov