“မြစ်ကြီးနားမြို့ မနောကွင်းမှာ ကချင်ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်ခဲ့”

18 Nov

ပြည်ထောင်စုဝန်ကြီး အများအပြားတက်ရောက်ခဲ့ကြတဲ့ ကချင်ရိုးရာကောက်သစ်စားပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတော်သို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းမောင်၊ နိုင်ငံတော်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ အသင်းတော်ဆရာများက ကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကောက်ဦးပလိုင်းများကို ဆုတောင်းဆက်ကပ်ခြင်း၊ ကောင်းချီးတောင်းခံခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ကချင်ရိုးရာ ကောက်သစ်စားပွဲတော်မှာ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက မနောကွင်းအတွင်း ဒေသခံများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ထောင်ကာအကများကခဲ့ကြပါတယ်။ (NVS 008)

18 Nov

ADVERTISE HERE .