“ချဲလ်ဆီးအသင်း၏ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တဲ့ အန်တိုနီယိုမိုရန်တေး”
17 Nov
ဘက်တစ်အသင်း၏ တောင်ပံကစားသမား ဟိုဆေးအန်တိုနီယို မိုရန်တေး က ချဲလ်ဆီးအသင်း၏ ချဉ်းကပ်ခြင်း ခံခဲ့ရသော်လည်း ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ အန်တိုနီယို မိုရန်တေး က ယခုနှစ်နွေရာသီမှာ ကျင်းပခဲ့သော ဥရောပယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ စပိန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဘက်တစ်အသင်းက ယင်းပြိုင်ပွဲအပြီးမှာပင် မိုရန်တေး ကို ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယူရိုသန်း ၃၀ တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဥရောပယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကတည်းက ကင်းထောက်များစေလွှတ်ကာ အန်တိုနီယို မိုရန်တေး ၏ ခြေစွမ်းကို စောင့်ကြည့်စေခဲ့ခြင်းဖြစ်ပြီး ခေါ်ယူရန်အတွက် ချဉ်းကပ်မှုပြုလုပ်ခဲ့ရာ ကစားသမားက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)