“ဘယ်လ်ဂျီယံအသင်း လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့တဲ့ လူကာကူ”

17 Nov

ဘယ်လ်ဂျီယံအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ တိုက်စစ်မှူး လူကာကူ က လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ လူကာကူ က ဘယ်လ်ဂျီယံလက်ရွေးစင်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး ၁၃၅ ပွဲကစားကာ ၉၄ ဂိုး သွင်းယူခဲ့ပါတယ်။ လူကာကူ က ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားများထဲ၌ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်သလို၊ ဘောလုံးလောကမှာ လက်ရွေးစင်သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ပဉ္စမနေရာ ရပ်တည်လျက် ရှိကြောင်း သိရပါတယ်။ လူကာကူ က ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်ခံရဆဲဖြစ်ပေမယ့် နောက်ဆုံးယှဥ်ပြိုင်ခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိပြီး လူစားဝင်ကစားသမားအဖြစ်လည်း နှစ်ပွဲသာ ကစားခွင့်ရရှိခဲ့တဲ့အတွက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .