“မန္တလေးမြို့ မဟာမုနိဘုရားကြီးမှာ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ကျင်းပမည်”
17 Nov
မန္တလေးမြို့ မဟာမုနိဘုရားကြီး၏ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပွဲကို နိုဝင်ဘာလ ၂၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်)မှာ စတင်ကျင်းပမည်ဖြစ်ပြီး ရက်လုပ်ပြီးတဲ့သင်္ကန်းကို နိုဝင်ဘာလ ၂၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၆ နာရီမှာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို လွှမ်းခြုံကပ်လှူပူဇော်မှာဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ မသိုးသင်္ကန်းရက်လုပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီမှာ ဗုဒ္ဓဝင်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအပြီးတွင် မသိုးသင်္ကန်းကို ရိုးရာအစဉ်အလာနှင့်အညီ ရက်လုပ်သွားမှာဖြစ်ပါတယ်။ အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ပြီး ဘုရားဖူးပြည်သူများလည်း လာရောက်ကြည်ညိုနိုင်ကြောင်း ဂေါပကအဖွဲ့က ဖိတ်ကြားထားပါတယ်။ (NVS 008)
17 Nov