“ကြိုတင်ဆန္ဒမဲပေးနိုင်ရန်ပုံစံ(၁၅)များ ဒီဇင်ဘာလ ၂ ရက်နောက်ဆုံးထားပေးပို့ရန် အသိပေး”

17 Nov

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ဖော်ပြပါမဲဆန္ဒနယ်အလိုက် ကျင်းပမည်ဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံတွင်ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ(၁၅)များ ပေးပို့နိုင်ပါကြောင်း မြန်မာသံရုံး ဖနောင်ပင်မြို့က အသိပေးထုတ်ပြန်ထားပါတယ်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်မှာ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်မဲဆန္ဒနယ် များကိုလည်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်ကနေ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေထိုင်လျက်ရှိကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ကြိုတင်ဆန္ဒမဲ ပေး နိုင်ရေးအတွက် "ပုံစံ(၁၅)" ကို အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပြီး သံရုံးသို့ ပေးပို့နိုင်ကြောင်း အသိပေးထားပါတယ်။ သံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ သံရုံး၏ [email protected]သို့ဖြစ်စေ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပူးတွဲပြီး ဒီဇင်ဘာလ ၂ ရက် နောက်ဆုံးထားပေးပို့ နိုင်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ဖြည့်သွင်းရမည့် ပုံစံ(၁၅)ကိုလည်း သံရုံး၏ ထုတ်ပြန်ချက်မှာ ပူးတွဲဖော်ပြထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ website ဖြစ်သော www.uec.gov.mm တွင်လည်း download ရယူနိုင်ကြောင်း ဖော်ပြထားပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .