“လာမည့်ဖေဖော်ဝါရီမှာ ဆေးတက္ကသိုလ် (၁)(ရန်ကုန်)၏ ရာပြည့်သဘင်အခမ်းအနားကို ခမ်းနားစွာကျင်းပမည်”

17 Nov

ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမှာ ခမ်းနားထည်ဝါစွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားကို ကြိုတင်ပြင်ဆင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်း က နိုဝင်ဘာလ ၁၄ ရက်မှာ ဆေးတက္ကသိုလ် (၁) ၌ ပါမောက္ခချုပ်များ၊ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပြည်လမ်းပရိဝုဏ်အတွင်း၌ ယခင်ကတည်ရှိခဲ့သော လိပ်ခုံးပုံအဆောက်အအုံ (Multi-Purpose Assembly Hall)ကို မူလပုံစံမပျက် ပြန်လည်တည်ဆောက်နေတဲ့အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများက ၂၀၂၆ ဇွန်လက စတင်ခဲ့ပြီး ၂၀၂၇ ဇန်နဝါရီလမှာ အပြီးသတ်နိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .