“ရန်ကုန်မြို့မှာ ထိုင်းဘုရင်မင်းမြတ်၏ တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခဲ့”

17 Nov

ရန်ကုန်မြို့ရှိ နာဂလှိုဏ်ဂူ ကလေးဝတောရကျောင်းတိုက်မှာ ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ တော်ဝင်ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၁၅ ရက်ကကျင်းပရာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Kallayana Vipattipumiprates တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ တက်ရောက်လာကြ သူများက နာဂလှိုဏ်ဂူ ကလေးဝတောရကျောင်းတိုက်ဆရာတော်နှင့် ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော်များထံ တော်ဝင်ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမှာ ထိုင်းဘုရင်မင်းမြတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းနှင့် မြန်မာနိုင်ငံမှအလှူရှင်များထံမှ အလှူငွေအဖြစ် ဘတ် ၅၂,၄၀၀၊ ငွေကျပ် ၁၂,၃၃၄,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၉,၃၃၈ ကိုလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွရောက်တော်မူလာကြတဲ့ ရဟန်းသံဃာတော်များနှင့် သီလရှင်များကိုလည်း ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါတယ်။ ထိုင်းဘုရင်မင်းမြတ်က ယခု ၂၀၂၆ ခုနှစ်တွင် တော်ဝင်ကထိန်သင်္ကန်းများကို မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့မှာ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .