“ဧရာဝတီတိုင်းဒေသကြီးတန်ဆောင်တိုင်ပွဲတော်မှာ ဆီမီးမျှောပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲများ ကျင်းပမည်”

17 Nov

ဧရာဝတီတိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော်မှာ ဆီမီးမျှောပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲ၊ ဖျော်ဖြေ ရေးအစီအစဉ်များနှင့် မီးရှူးမီးပန်းပစ်ဖောက်ပူဇော်ခြင်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၆ ရက်က ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပွဲတော်ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သဖြင့် သက်ဆိုင်ရာကော်မတီများ အနေနဲ့ လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲရန်နှင့် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး တာဝန်ရှိသူအားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြား ခဲ့ပါတယ်။ အဲဒီနောက် လုပ်ငန်းကော်မတီများက ပွဲတော်လုံခြုံရေး၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ MSME ပြခန်းများနှင့် စတုဒီသာမဏ္ဍပ်များ တည်ဆောက်ရေးအပြင် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်းပွဲ၊ ဆီမီးမျှောပူဇော်ပွဲ၊ ရပ်ကွက်အလိုက် မီးထွန်းညှိခြင်းနှင့် မီးအလှဆင်ခြင်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .