“အမေရိကန်၊ တရုတ်၊ ရုရှားခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ တရုတ်အစိုးရ အတည်ပြု”
17 Nov
အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ထိပ်သီးညီလာခံကာလအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၆ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသည် အမေရိကန်၊ တရုတ်၊ ရုရှားခေါင်းဆောင်များ၏ ပထမဆုံးသုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၊ တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတပူတင်တို့၏ သုံးပွင့်ဆိုင်ထိပ်သီး ဆွေးနွေးပွဲကို အေပက်ထိပ်သီး ညီလာခံကာလ နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ် အေပက်ထိပ်သီး ညီလာခံကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ရှန်ကျန်းမြို့၌ နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်ထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်အစီအစဉ်ကို အမေရိကန်နှင့်ရုရှားအစိုးရတို့ကလည်း အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြချက်အရ သိရသည်။