“နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့ မနီလာမြို့၌ လက်မှတ်ရေးထိုး”

16 Nov

ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့သည် နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်သည် ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့ကြား စစ်ရေးပူးပေါင်းလှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးအတွက် ဗျူရိုကရေစီအတားအဆီးများကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘာတိုတီအိုဒိုရို က ပြောကြား ထားသည်။ တောင်တရုတ်ပင်လယ်ဒေသ၌ တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများရှိနေချိန်တွင် ဖိလစ်ပိုင် နိုင်ငံက ဩစတြေးလျနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့သည် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ မြေပြင်တပ်ဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက သုံးသပ်ပြောကြား ထားသည်။ ဩစတြေးလျနိုင်ငံသည် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အနုညာတ တရားရုံး၏ ၂၀၁၆ ခုနှစ် စီရင်ချက်ကို ထောက်ခံထားသော နိုင်ငံဖြစ်ကြောင်းသိရသည်။

16 Nov

ADVERTISE HERE .