“နေတိုးအဖွဲ့သို့ ဝင်ရောက်လိုပါက ဒွန်းဘတ်စ်ဒေသကိုစွန့်လွှတ်ရန် ယူကရိန်းကို အမေရိကန်သံတမန်များ အဆိုပြု”

16 Nov

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)၌ ပါဝင်လိုပါက ဒွန်းဘတ်စ်ဒေသကိုစွန့်လွှတ်၍ ရုရှားနိုင်ငံကို ပေးအပ်ရန် အမေရိကန်နိုင်ငံက အဆိုပြုထားကြောင်း နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များကြား နှစ်ရက်ကြာငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇီလန်စကီး က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နေတိုးအဖွဲ့၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုပါက ဒွန်းဘတ်စ်ဒေသကိုစွန့်လွှတ်ရန် အမေရိကန်သံတမန်များက ပထမဆုံးအကြိမ် အဆိုပြုထားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ပြောကြားခဲ့သည်။ သို့ရာတွင် လက်ရှိအခြေအနေအရ နယ်မြေများကိုစွန့်လွှတ်ရန် ယူကရိန်းနိုင်ငံသည် အသင့်မရှိသေးကြောင်း၊ လုံခြုံရေးအာမခံချက်များ ရရှိခဲ့လျှင်၊ ယူကရိန်းလက်နက်ကိုင်တပ်များကို ပြန်လည်တည်ဆောက်ခွင့်ရခဲ့လျှင်၊ နယ်မြေ စွန့်လွှတ်ရေးကိစ္စကို လူထုဆန္ဒခံယူပွဲအဖြစ် အဆုံးအဖြတ်ယူမည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီး က သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

16 Nov

ADVERTISE HERE .