“နယူးအော်လိန်းမြို့ မစ္စစ္စပီမြစ်ကြောင်းအတွင်း ရေနံတင်သင်္ဘောဝင်တိုက်မှုကြောင့် ဇိမ်ခံသင်္ဘောနစ်မြုပ်”

15 Nov

အမေရိကန်နိုင်ငံ နယူးအော်လိန်းမြို့ မစ္စစ္စပီမြစ်ဆိပ်ကမ်းတစ်ခု၌ ဆိပ်ကပ်ထားသော ခရီးသည်တင် ဇိမ်ခံ သင်္ဘောတစ်စီးကို ရေနံတင်သင်္ဘောတစ်စီးက နိုဝင်ဘာလ ၁၃ ရက်တွင် ဝင်တိုက်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရေနံတင်သင်္ဘော ဝင်တိုက်မှုကြောင့် အမေရိကန်ဟာရစ်တိတ် ဇိမ်ခံသင်္ဘော တိမ်းစောင်းနစ်မြုပ်ခဲ့ကြောင်း နယူးအော်လိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အမေရိကန် ဟာရစ်တိတ် ဇိမ်ခံသင်္ဘောနစ်မြုပ်နေစဉ် ခရီး သည်အများအပြားမှာ သင်္ဘောပေါ်မှ အလုအယက်ဆင်းပြေးခဲ့ကြပြီး ခရီးသည်အများအပြားမှာ ရေထဲခုန်ချခဲ့ရသည်။ ရေနံတင်သင်္ဘော ဝင်တိုက်ချိန်တွင် အမေရိကန် ဟာရစ်တိတ် ဇိမ်ခံသင်္ဘောပေါ်၌ ခရီးသည်နှင့် ရေယာဉ် ဝန်ထမ်းဦးရေ ၁၈၀ မှ ၁၉၀ ထိ ရှိနေကြောင်း သိရသည်။ အမေရိကန် ခရုစ်လိုင်းသင်္ဘောကုမ္ပဏီကပိုင်ဆိုင်သော အမေရိကန် ဟာရစ်တိတ် ဇိမ်ခံသင်္ဘောသည် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော သင်္ဘောဖြစ်ကြောင်း နယူးအော်လိန်းမြို့ တာဝန်ရှိသူများက ပြောကြားထားသည်။ ရေနံတင်သင်္ဘောနှင့် အမေရိကန် ဟာရစ်တိတ်ဇိမ်ခံသင်္ဘောတို့ ဝင်တိုက်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာအနီးရှိ မစ္စစ္စပီရေလမ်းကြောင်းများကို တာဝန်ရှိသူများက ပိတ်ထားခဲ့ရကြောင်း သိရသည်။

15 Nov

ADVERTISE HERE .