“အမေရိကန်၊ ရုရှား၊ တရုတ်ခေါင်းဆောင်များ အေပက်ထိပ်သီးညီလာခံကာလ၌ တွေ့ဆုံဆွေးနွေးမည်”
15 Nov
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ပူတင်၊ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့၏ ပထမဆုံးသုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ထိပ်သီးညီလာခံကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အေပက် ထိပ်သီးညီလာခံကို တရုတ်နိုင်ငံ ရှန်ကျန်းမြို့၌ နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ အမေရိကန်၊ ရုရှား၊ တရုတ် ခေါင်းဆောင်တို့သည် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၉ ရက် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့် သည် နျူကလီးယားလက်နက်များ လျှော့ချရေးကိစ္စ၊ အီရန်စစ်ရေးပဋိပက္ခ ပြီးဆုံးရေးကိစ္စတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားထားသည်။ နိုဝင်ဘာလ ၁၉ ရက် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်၊ ရုရှား၊ တရုတ်ခေါင်းဆောင် တို့၏ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။