“တောင်ကိုရီးယားနိုင်ငံ၏ဆန်စပါးထုတ်လုပ်မှု ခြောက်နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ”

14 Nov

စပါးစိုက်ပျိုးမြေဧရိယာ ဆက်တိုက်လျော့နည်းလာခြင်းကြောင့် ယခုနှစ်တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုပမာဏမှာ ခြောက်နှစ်အတွင်းအနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း နိုင်ငံ၏အချက်အလက်နှင့် စာရင်းအင်း ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း ဆန်စပါး ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၃ ဒသမ ၅၀၈ သန်းရှိခဲ့ပြီး ယမန်နှစ်ကထက် ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပမာဏသည် ငါးနှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးပမာဏလည်း ဖြစ်သည်။ ယခုကဲ့သို့ ဆန်စပါးထုတ်လုပ်မှုပမာဏ အဓိကကျဆင်းရခြင်းမှာ စုစုပေါင်းစပါးစိုက်ပျိုးမြေဧရိယာ လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ စပါးစိုက်ပျိုးမြေဧရိယာမှာ ယမန်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး ဟက်တာ ၆၇၀,၀၀၀ သာရှိကာ စံချိန်တင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

14 Nov

ADVERTISE HERE .