“နယူးယောက်မြို့၌ အဆောက်အအုံပြိုကျမှုကြောင့် ၁၇ ဦး ဒဏ်ရာရ”

13 Nov

နယူးယောက်မြို့ ဘရွတ်ကလင်းရှိ သုံးထပ် အဆောက်အအုံတစ်လုံး နိုဝင်ဘာလ ၁၁ ရက်က ပြိုကျမှု ဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အပျက်အစီးများအောက်တွင် ပိတ်မိ နေသူများ မကျန်ရစ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်။ အဆိုပါအဆောက်အအုံသည် ညနေ ၄ နာရီဝန်းကျင်က အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းဆိုက်တစ်ခု ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ခံစား ရသူများအနက် ခုနစ်ဦးမှာ ကလေးများဖြစ်ပြီး မီးသတ်သမားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆောက်အအုံပြိုကျချိန်တွင် အတွင်း၌ လူမည်မျှရှိသည်ကို မသိရကြောင်း မီးသတ်အာဏာပိုင်များက ပြောသည်။ ယင်းအဆောက်အအုံမှာ ၁၉၃၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခန်းလေးခုပါရှိသည်ဟု နယူးယောက်ခ်တိုင်းမ်က ဖော်ပြထားသည်။ အဆောက်အအုံပြိုကျရာနေရာအနီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယခုဖြစ်စဉ်မှာ အလွန်ရှုပ်ထွေးပြီး လျင်မြန်စွာ ပြောင်းလဲနေသည့် အချက်အလက်များရှိသော အခြေ အနေဟု မြို့တော်ဝန် ဇိုရမ်မန်ဒါနီ က ပြောသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Nov

ADVERTISE HERE .