“အစ္စရေးက ပေါင် ၁,ဝဝဝ အလေးချိန်ရှိ ထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ခရုစ်ဒုံးကျည်တစ်စင်း မိတ်ဆက်”
12 Nov
အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေးနည်းပညာကုမ္ပဏီ Rafael Advanced Defense Systems သည် ပေါင် ၁,၀၀၀ အလေးချိန်ရှိ ထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ခရုစ်ဒုံးကျည်သစ်တစ်စင်းကို နိုဝင်ဘာလ ၁၁ ရက်တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ ယင်းဒုံးကျည်သည် အလွန်ဝေးကွာသည့် အကွာအဝေးရှိ အရေးကြီးသည့် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားကြောင်း၊ Super Ice ဟု အမည်ပေးထားသော အဆိုပါ ဒုံးကျည်ကို ဝေဟင်၊ မြေပြင်နှင့်ပင်လယ်ပြင်တို့မှ ပစ်ခတ်နိုင်ကြောင်း သိရသည်။ Super Ice သည် တာဝေးပစ် ပဲ့ထိန်းခရုစ်ဒုံးကျည်များဖြစ်သည့် Ice ရာဖေးလ်ကုမ္ပဏီထုတ် Breaker အုပ်စုဝင်ဖြစ်လာခဲ့ပြီး ယင်းဒုံးကျည်တွင် အလိုအလျောက် လမ်းကြောင်းရှာဖွေနိုင်သည့်စနစ်၊ အနိမ့်ပိုင်းပျံသန်းနိုင် သည့်စနစ်၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နိုင်စွမ်းနှင့် ပစ်မှတ်များကို ခွဲခြားသတ်မှတ်ရန် ပုံရိပ်တူညီမှုကို တိုက်ဆိုင်စစ်ဆေးသည့် နည်းပညာအသုံးပြုသော အဆင့်မြင့်လမ်းညွှန်စနစ်ပါဝင်သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။