“(၇)နှစ်ကြာ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ရွှေကျင်မီးမျှောပူဇော်ပွဲအား ရိုးရာအစဉ်အလာမပျက် ပြန်လည်ကျင်းပမည်”

22 Oct

၂၀၁၉ ခုနှစ်မှစတင်၍ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ရွှေကျင်မီးမျှောပူဇော်ပွဲအား ယခုနှစ်တွင် ရိုးရာအစဉ်အလာ မပျက် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရပါတယ်။ (၁၇၅)နှစ်မြောက်အဖြစ်ကျင်းပမည့် ရွှေကျင်မြို့နယ် သီတင်းကျွတ်မီးမျှောပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၇ ရက်(သီတင်းကျွတ်လပြည့်ကျော် ၁ ရက်)တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ ပျဉ်းမပင် ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်မှစတင်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ လှော်ကားတော်ကြီးလှေမှ တက်ရေးပြဖျော်ဖြေခြင်း၊ ယိမ်းအဖွဲ့များက အကဲဖြတ်မဏ္ဍပ်တွင် ယှဉ်ပြိုင်ခြင်း၊ ယိမ်းအဖွဲ့များက ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခြင်း၊ ယိမ်းအဖွဲ့များအား ဆုများချီးမြှင့်ခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ညနေ ၆ နာရီတွင် ရွှေကျင်မြစ်အတွင်း ရောင်စုံမီးကြာခွက်များဖြင့် မီးမျှောပူဇော်သွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးရှိ ပြည်သူများအနေနဲ့ လာရောက်ပါဝင်ဆင်နွဲနိုင်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ သိရ ပါတယ်။ (NVS-004)

22 Oct

ADVERTISE HERE .