“ရန်ကုန်မြို့၌ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်”
22 Oct
Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Centre (YCC)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် အစားအသောက်နှင့်ဖျော်ရည်များ၊ အလှကုန်ပစ္စည်း များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဆိုင်ရာများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ခရီးသွားလုပ်ငန်းနှင့်ဝန်ဆောင်မှုများ ပါဝင်ပြသရောင်းပေးမှာဖြစ်ပါတယ်။ ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၌ လေးကြိမ်တိုင်ကျင်းပခဲ့ပြီး ယခုအခါမှာ ငါးကြိမ် မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ နံနက် ၉ နာရီမှညနေ ၅ နာရီအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ ဈေးကွက်ဦးဆောင်သူများ ပါဝင် ပြသသွားမှာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသရောင်းချလိုသူများအနေနဲ့ ဖုန်း ၀၉-၉၇၀၇၃၃၂၃၄ နှင့် ၀၉-၂၅၄၂၇၇၃၅၅ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)